Friday, 3 May 2013

လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များတာချီလိတ်၌ပေးအပ်








တာချီလိတ် မေ ၃

          တာချီလိတ်ခရိုင်ရှိ တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များပေးအပ်ပွဲ အခမ်းအနားကို မေ ၃ ရက် နံနက် ၁၀ နာရီက တာချီလိတ်မြိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင်ပြုလုပ်သည်။  

ရှေးဦးစွာခရိုင်အုပ်ချုပ်ရေးမှူးဦးသောင်းတင်ထွေးကလယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် သည် လယ်ယာမြေ ဥပဒေ၊နည်းဥပဒေ အသစ်အရ တောင်သူလယ်သမားများ၏ ဘ၀တိုးတက်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်၍ တောင်သူလယ်သမားများအနေဖြင့် အကျိုးရှိရှိ အသုံးချတတ်ဖို့လိုကြောင်း စသည်ဖြင့်အမှာစကားပြောကြားသည်။ ယင်းနောက် ခရိုင်မြေစာရင်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးမြင့်ကြိုင်က  လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များ   ပေးအပ်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။

  ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် တာဝန်ရှိသူများက တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များပေးအပ်သည်။   ယနေ့အခမ်းအနားတွင် တာချီလိတ်ခရိုင်အတွင်း ရှိတာချီလိတ်၊ တာလေ၊ကျိုင်းလပ်ရှိ အုပ်စု(ဂ)အုပ်စုမှ တောင်သူ ၅၀၅ ဦတို့အားပေးအပ်ခြင်းးဖြစ်ကြောင်းသိရှိရသည်။

0 comments:

Post a Comment