ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာချီလိတ်မြို့ ဒေသဖွံ့ဖြိုးရေး ကြည့်ရှုစစ်ဆေး
တာချီလိတ် ၊ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဦးစ၀်အောင်မြတ်သည် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးကြွယ်ကြွှယ်နှင့် ပြည်နယ်ဝန်ကြီးများလိုက်ပါလျက်
ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက
တာချီလိတ်မြို့သို့ရောက်ရှိပြီး ၊ ဖန်မင်ကျေးရွာအုပ်စု ဟာကျားမနူးရွာ ဦးကျဟေး ဘက်စုံစိုက်ပျိုးရေး မွေးမြူရေးခြံသို့
သွားရောက်ကြည့်ရှုရာစိုက်ပျိုး မွေးမြူရေးနှင့် ပတ်သက်ပြီး ၊ တွဲဖက်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနလက်ထောက်ညွှန်ကြာရေးမှူးဦးဇော်မြင့်ကပျားလိမ္မော်၊ရော်ဘာစိုက်ပျိုးထားရှိမှုနှင့် ထွက်ရှိမှုအခြေအနေများကိုလည်းကောင်း၊
နို့စားနွား နှင့် ငါးမွေးမြူထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နို့နှင့်သားငါးများဒေသတွင်း တိုးတက်ဖြန့်ဖြူးနိုင်ရေးနှင့်
လိမ္မော်နှင့် ရော်ဘာများ ပြည်ပသို့တင်ပို့ရာတွင်သတ်မှတ်အရည်အသွေးပြည့်မီရေးဌာနဆိုင်ရာများနှင့်ပေါင်းစပ်
ညှိနှိုင်းပေးသည်။
ယင်းနောက်လိမ္မော်ခြံ၊နို့စားနွားမွေးမြူရေးခြံနှင့်ရော်ဘာစက်ရုံတို့ကို
ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် မြို့နယ်စည်ပင်သာယယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော
ဆန်ဆိုင်းရပ်ကွက်ရှိ မြို့ပတ်လမ်းပိုင်းကို ဆက်လက် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌
ဒေသခံပြည်သူများ ၊ဌာနဆိုင်ရာများ၊ နိုင်ရေးပါတီ
အသီးသီးမှကိုယ်စားလှယ်များ၊လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံသည်။တွေ့ဆုံပွဲတွင်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးသောင်းတင်ထွေးက ဒေသဆိုင်ရာ အချက်အလက်များကို
ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ် တရားသူကြီးချုပ်ဦးကြွယ်ကြွယ်
က တရားဥပဒေဆိုင်ရာများကိုလည်းကောင်းရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က လွှတ်တော်သက်တမ်းကာလအတွင်း လွှတ်တော်၏ဆောင်ရွက်ချက်များကိုလည်းကောင်း
ရှင်းလင်းပြောကြားသည်။ ထို့နောက် ကွယ်လွန်သွားသော မိုင်းယောင်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းအင်
အတွက် ရှမ်းပြည်နယ်လွှတ်တော်မှ ကူညီပံ့ပိုးငွေ ကျပ်(၁၀)သိန်းပေးအပ်ရာ ရိုင်အုပ်ချုပ်ရေးမှူး
ဦးသောင်းတင်ထွေး
ကလက်ခံရယူသည်။ယင်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကနိဂုံးချုပ်အမှာစကားပြောကြားရာတွင်
လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြည်သူများပူးပေါင်းပါဝင်ရေးသည် အရေးကြီးကြောင်း
၊ စိုက်ပျိုးရေး ၊မွေးမြူရေး ကုန်သွယ်ရေးတို့တွင်ပြည်သူများအနေဖြင့်ပွင့်ပွင့်လင်းလင်းတိုင်ပင်
ညှိနှိုင်းပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး
အတွက်အစီအမံများချမှတ်ဆောင်ရွက်သွားဖို့လိုကြောင်းပြောကြားသည်။ဆက်လက်ပြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည်ဟောင်လိတ်အုပ်စု၊ဦးအားလယ်၏ငါးကန်(၃၁)ကန်မွေးမြူထားရှိမှုကိုကြည့်ရှုပြီး၊
ဟောင်လိတ်
ကျေးရွာအုပ်စုလွယ်စီတုံကျေးရွာရှိဒေါ်နီနီစိုး၏ကျောက်စိမ်းကန်မွေးမြူရေးခြံသို့
သွားရောက်ရာခရိုင်မွေမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူးးဒေါက်တာစံထွန်းဝေကစီးပွားဖြစ်စနစ်တကျမွေးမြူ
ထားသောဝက်များနှင့်ငါးများမွေးမြူထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်
များနှင့် ပတ်သက်ပြီးပြည်နယ်ဝန်ကြီးချုပ်က ဒေသရှိပြည်သူများ၏ သားငါးလိုအပ်ချက်လုံလောက်မှုရှိ
အောင်တိုးချဲ့မွေးမြူရန်
နှင့် မွေးမြူရေးအတွက် အစာများကို တာချီလိတ်ဒေသပတ်ဝန်းကျင်ရှိ မြို့များမှ ၀ယ်ယူရာတွင်
အခက်အခဲမရှိစေရေးဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေးပြီးငါးမွေးမြူရးကန်နှင့်ဝက်မွေးမြူထားရှိမှု
အခြေအနေတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
မောင်ဆွေငြိမ်း
0 comments:
Post a Comment