(၆၆)နှစ်မြောက်ပြည်ထောင်စုနေ့ဂုဏ်ပြု၊
တာချီလိတ်မြို့တွင် ကတ္တရာလမ်းသစ်ဖွင့်
တာချီလိတ် ဖေဖော်ဝါရီ ၁၀
(၆၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြူသောအားဖြင့်တာချီလိတ်မြို့ဆန်ဆိုင်း(က)ရပ်ကွက်၊ကွက်သစ်(၉)လမ်းကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကိုဖေဖော်
ဝါရီ ၁၀ ရက် နံနက် ၉ နာရီ က အဆိုပါလမ်းထိပ် မုခ်ဦးတွင် ပြုလုပ်သည်။ အစီအစဉ်အရမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူးက ရပ်ကွက်လမ်းသွယ်များအား ကတ္တရာလမ်းအဆင့်ဆောင်ရွက်ပေးရ
ခြင်းနှင့်စပ်လျဉ်းပြီးရှင်းလင်းတင်ပြသည်။ဆက်လက်ပြီး
မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြား ရေးမှူး ဦးကိုကိုက စည်ပင်သာယာရေးအဖွဲ့အနေဖြင့်
ဘဏ္ဍာနှစ်အတွင်း လမ်းများဆောင်ရွက်ပြီးစီးမှုအခြေအနေကိုရှင်းလင်း တင်ပြသည်။ယင်းနောက်
ဒေသခံပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ထို့နောက်အမှုဆောင်အရာရှိ ဦးကိုကိုက အထိမ်းအမှတ်အလံငယ်များအား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးတူးမောင်နှင့်တာဝန်ရှိသူများထံပေးအပ်
သည်။ဆက်လက်ပြီး ပြည်နယ်ဝန်ကြီး ဦးတူးမောင်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့်အမှုဆောင်အရာရှိ
ဦးကိုကိုတို့ က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းသစ်အားကြည့်ရှုစစ်ဆေးသည်။
အဆိုပါကတ္တရာလမ်းသည် အရှည် ၂၁၀၀ပေ၊အကျယ် ၁၂
ပေ ရှိပြီး စုစုပေါင်းငွေကျပ် ၃၀၉သိန်း ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ကစတင်
ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
0 comments:
Post a Comment