ယာဉ်အန္တရာယ်ကင်းရှင်းရေး
တာချီလိတ်မြို့တွင်မြို့ပတ်လမ်းဖောက်လုပ်
တာချီလိတ် ဇန်န၀ါရီ ၂၄
ရှမ်းပြည်နယ် တာချီလိတ်မြို့တွင်မြို့ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူမော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်စီးနင်းသူ
များပြားလာသည့်သည့်အတွက်
ဗိုလ်ချုပ်လမ်းမကြီး တစ်ခုသာ အားထားအသုံးပြုနေရသဖြင့် ယာဉ်ကြောပိတ်ဆို့မှု
များဖြစ်ပေါ်လျက်ရှိပါသည်။ထို့ပြင်ယာဉ်အန္တရာယ်ဖြစ်ပွားမှုအတွက်လည်းစိုးရိမ်နေရပါသည်။ ထို့ကြောင့်တာဝန်ရှိသူ
များအနေဖြင့်ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းနိုင်ရန် မြို့ပတ်လမ်းဖောက်လုပ်လျက်ရှိပါသည်။မြို့ပတ်လမ်းအား
အပိုင်း
လိုက်
တာဝန်ယူဖောက်လုပ်လျက်ရှိရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့်အမှတ်(၂)ချစ်ကြည်ရေး တံတားမှ
ဆန်ဆိုင်းရပ်ကွက်နှင့်
မယ်ဆိုင်ချောင်းကြားကိုဖြတ်ကာ တာလော့ရပ်ကွက်အထိဖောက်လုပ်လျက်ရှိပါသည်။ လမ်းဖောက်လုပ်ခြင်းကို
၂၀၁၂ခုနှစ်နိုဝင်ဘာ ၅ ရက်နေ့မှစတင်ပြီးမြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းကို စတင်
ဆောင်ရွက်ခဲ့ပါသည်။
မြေသားလမ်းဖောက်လုပ်ရာတွင်အချို့နေရာများ၌၅ပေအမြင့်အထိမြေသားဖို့ခြင်းလုပ်ငန်းများ
ဆောင်ရွက်ခဲ့ရပါသည်။ယခုကျောက်ချောခင်းသည့်အဆင့်အထိပြီးစီးနေပြီဖြစ်ပြီး မကြာမီကတ္တရာုခင်းခြင်းလုပ်ငန်း
များ စတင်ဆောင်ရွက်တော့မည်ဖြစ်ပါသည်။ကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးပါက
ယာဉ်ကြီးနှင့် အီတန်
ယာဉ်များအား
အမှတ်(၂)ချစ်ကြည်ရေးတံတားမှ မြို့ပတ်လမ်းကိုဖြတ်သန်းမောင်းနှင်ခြင်းဖြင့်ဗိုလ်ချုပ်လမ်းမကြီးတွင်
ယာဉ်ကြောပိတ်ဆို့မှုများလျော့နည်းသွားမည်ဖြစ်သည်။မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ယူဖောက်လုပ်နေ
သော မြို့ပတ်လမ်းမှာ မြေသားလမ်း ၂၃၇၀ပေx၃၀x၄ပေ
နှင့် မြေမှကတ္တရာလမ်း ၂၃၇၀ပေx၁၂ပေx၁၂.၅လက်မ ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ၁၁၁၇,၀၀၀၀၀
ကျပ်ဖြစ်ကြောင်းသိရှိရသည်။
တာချီလိတ်ခရိုင်ပြန်/ဆက်
ရိုက်ကူးသူ
ဦးယာဆေး(ဓာတ်ပုံ-၂)
ပေးပို့သူ ဦးမောင်ကြည်(ဦးစီးအရာရှိ)
စုစုပေါင်း ဓာတ်ပုံ(၅)ပုံ
0 comments:
Post a Comment