Thursday 10 January 2013

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင်းရှိ မိုင်းဖုန်း(ခ)ကျောင်းမိသားစုကျောင်းများအားလုံး ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်များကျင်းပပြီးစီး








တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင်းရှိ မိုင်းဖုန်း(ခ)ကျောင်းမိသားစုကျောင်းများအားလုံး
၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်များကျင်းပပြီးစီး

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင်းရှိ မိုင်းဖုန်း(ခ)ကျောင်းမိသားစုကျောင်းများဖြစ်သော
(၁) ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်း
(၂)ပါခုတ်အခြေခံပညာမူလတန်းလွန်ကျောင်း
(၃)၀မ်မိုင်(၁)အခြေခံပညာမူလတန်းကျောင်း
(၄)၀မ်ဆောက်ခုံအခြေခံပညာမူလတန်းကျောင်း
(၅)နမ့်လုတ်အခြေခံပညာမူလတန်းကျောင်း
(၆)ပါတောင်းအခြေခံပညာမူလတန်းကျောင်းများသည်(၅.၁.၂၀၁၃)မှ(၁၀.၁.၂၀၁၃)အထိကာလများအတွင်း
အလှည့်ကျပညာရေးစုံညီပွဲတော်အခမ်းအနားများကို၎င်းတို့၏ရပ်ရွာဒေသအာဏာပိုင်၊ကျောင်းအကျိုးဆောင်
အဖွဲ့မိဘဆရာအသင်းများနှင့် ညှိနှိုင်းကြိုးစားခြင်းဖြင့် ကျင်းပနိုင်ခဲ့ပါသည်။


(၅.၁.၁၃)ရက်နေ့တွင် ပါခုတ်မူလွန်၊
(၆.၁.၁၃)ရက်နေ့တွင် အမကပါတောင်း၊
(၇.၁.၁၃)ရက်နေ့တွင် အမက-၀မ်မိုင်(၁)
(၈.၁.၁၃)ရက်နေ့တွင်ဝှေလေလန်(မူလွန်)
၊(၉.၁.၁၃)ရက်နေ့တွင် အမက-၀မ်ဆောက်ခုံ
၊(၁၀.၁.၁၃)ရက်နေ့တွင်အမက-နမ့်လုတ် တွင် အသီးသီးကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။



အဆိုပါအခမ်းအနားများသို့ ကျောင်းအုပ်စုမှူးဦးမြင့်ဝင်းလှနှင့်အတူအုပ်စုတွင်းကျောင်းအုပ်ဆရာမကြီး
များဖြစ်သော

ဒေါ်မြင့်ရွှေ၊ဒေါ်အေးမိုးခိုင်၊ဒေါ်ယဉ်ယဉ်နွဲ့၊ဒေါ်စန်းစန်းဝင်း၊ဒေါ်လှိုင်လှိုင်ဦးတို့ကလည်း နေ့စဉ်လိုက်လံကူညီ
ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။ကျောင်းမိသားစုအတွင်းရှိဆရာဆရာမများအားလုံးတက်ညီလက်ညီဆောင်ရွက်ခဲ့
ကြပါသည်။

ထို့ပြင် ဒေသအတွင်းရှိကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုင်းနေ၀င်းကိုယ်တိုင်တက်ရောက်ခြင်း၊အုပ်စုဒုပြည်သူစစ်ခေါင်း
ဆောင်ဦးလှမြင့်ဦးဆောင်သောပြည်သူ့စစ်အဖွဲ့ကလည်းလုံခြုံရေးအကူအညီပေးခြင်းနှင့်လိုက်ပါအားပေးခြင်းတို့ဖြင့်
တက်ကြွစွာ ကူညီခဲ့ကြပါသည်။
ထူးခြားချက်အနေဖြင့် မိုင်းဖုန်း(ခ)ကျောင်းမိသားစုသည် အများအားဖြင့် ဝှေလေလန်မူလွန်တွင်  စုပေါင်းပညာရေးစုံညီပွဲတော်ကျင်းပလေ့ရှိသဖြင့်လည်းကောင်း၊အချို့ကျောင်းများသည်ဆရာနည်းကျောင်း
(ဆရာ၂ယောက်ကျောင်း)များဖြစ်သဖြင့် ပညာရေးစုံညီပွဲတော်ကိုကျင်းပနိုင်ခြင်းမရှိသော်လည်း ယခုနှစ်တွင် အမက-၀မ်ဆောက်ခုံ၊အမက-နမ့်လုတ်အမက-ပါတောင်းကျောင်းတို့မှာ ပထမဆုံးအကြိမ် ပညာရေးစုံညီပွဲတော်ကို စတင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
သို့သော်လည်း ဒေသမိဘပြည်သူ အာဏာပိုင်တို့၏ အားပေးကူညီမှုကြောင့်အခက်အခဲတစ်စုံတစ်ရာ
မရှိခဲ့ကြဘဲစုံညီပွဲတော်အားလုံးကို ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ပြီး ကလေးများ၏ကာယ၊ဥာဏစွမ်းရည် များကိုလည်း ပြိုင်ပွဲများကျင်းပ၍ ဆုများချီးမြှင့်နိုင်ခဲ့ကြကြောင်း သိရှိရပါသည်။






 





















 




                                                                                  သတင်းပေးပို့သူ-မြတ်မျိုးမြင့်မာန်

0 comments:

Post a Comment