ကျောင်းအုပ်ဆရာကြီး၊ဆရာဆရာမများနှင့်ဆုရကျောင်းသား/ကျောင်းသူများ
တာချီလိတ်မြို့နယ် ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကျင်းပပြုလုပ်
တာချီလိတ်မြို့နယ် ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကို (၂.၁.၂၀၁၃)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ဝှေလေလန်(မူလွန်)ကျောင်း၏ ဇာတိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားမှူးအဖြစ် အလယ်တန်းပြဆရာမဒေါ်ဥမ္မာလှိုင်ကဆောင်ရွက်ပြီး
မှတ်တမ်းတင်သူအဖြစ် မူလတန်းပြဆရာမဒေါ်ရီရီဝင်းကတာဝန်ယူဆောင်ရွက်ကြပါသည်။
ဓာတ်ပုံမှတ်တမ်းတင်အဖြစ်ဆရာမဒေါ်ခင်ငြိမ်းဖြူက တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာဆရာမများကျောင်းသားကျောင်းသူများစုစုပေါင်း(၁၈၀)ဦးတက်ရောက်ပါသည်။
အခမ်းအနားအစီအစဉ်များအနေဖြင့် ကျောင်းအုပ်ဆရာကြီးဦးမြင့်ဝင်းလှက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံကျောင်းအုပ်ဒေါ်မိုးဝါ လွတ်လပ်ရေးနေ့အကြို လိုက်နာမှတ်သားဖွယ်ရာများကို ဟောပြောပါသည်။
၊မြန်မာသယံဇာတကြွယ်ဝပုံနှင့်ဘာသာသာသနာထွန်းကားမှုများ၊ပဒေသရာဇ်၏ဆိုးကျိုးနှင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ပုံသမိုင်းဝင်မှတ်တမ်းဓာတ်ပုံနှင့်ပန်းချီကားများ၊လွတ်လပ်ရေးကြိုးပမ်း
မှုသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ရှေးခေတ်မှယနေ့အထိ မြန်မာနိုင်ငံတွင်အသုံးပြုခဲ့သောအလံများ လက်ရှိဒီမိုကရေစီစနစ်ဖြင့် ကြိုးပမ်းချီတက်နေပုံများကို အဆင့်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး
ယခုကဲ့သို့ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးရေးကိုဦးတည်နေသောလွတ်လပ်သည့်ကာလတွင်နိုင်ငံအကျိုး
အတွက် အုတ်တချပ်သဲတစ်ပွင့်အဖြစ် ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးအတွက် စိတ်ဓာတ်၊စည်းကမ်း၊ပညာကောင်းသော ကျောင်းသားများအဖြစ် ကြိုးစားဆောင်ရွက်ကြရန် စိတ်ဝင်စားမှုပိုမိုရှိစေရန် ရည်ရွယ်လျက် ဟောပြောခဲ့ပါသည်။
၎င်းအစီအစဉ်အပြီးတွင် ဟောပြောခဲ့သည့် အကြောင်းအရာများထဲမှ သိမြင်မှတ်သားထိုက်သည့် အကြောင်းအရာ(၁၀)ချက်ကို မေးခွန်းများ မေး၍ ဖြေဆိုနိုင်သူများအား ဆုများတပါတည်း ချီးမြှင့်ခြဲ့ပီး အခမ်းအနား ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
အခမ်းအနားတွင်ကျောင်းအုပ်ဆရာကြီးနှင့်ဆရာဆရာမများပြုစုထားသော လွတ်လပ်ရေးကြိုးပမ်းမှု
သမိုင်း နံရံကပ်စာစောင်ကိုလည်း ပြသခဲ့ကြောင်း သိရှိရပါသည်။
မှတ်ချက်။ အခမ်းအနားနောက်ခံတွင် ၁.၁.၂၀၁၃ ဟု တပ်ဆင်ထားသော်လည်း ကျောင်းအုပ်ဆရာကြီး
အရေးကြီးလုပ်ငန်းပေါ်ပေါက်သဖြင့် ၂.၁.၂၀၁၃ ရက်နေ့တွင်ပြောင်းလဲကျင်းပခဲ့ခြင်း
ဖြစ်ပါသည်။
M4TCL
0 comments:
Post a Comment