အခွန်ပညာပေး စာစီစာကုံးပြိုင်ပွဲအထောက်အကူပြုအတွက် တာချီလိတ် အထက ၌ ဟောပြော
တာချီလိတ် နိုဝင်ဘာ ၈
တာချီလိတ်မြို့ရှိအနာဂတ်အတွက်တိုင်းပြည်တာဝန်များကို အဘက်
ဘက်မှတာဝန်ထမ်းဆောင်ကြမည့်ကျောင်းသားလူငယ်များကျောင်းစာတွင်သာမ
က ပြင်ပဗဟုသုတတိုးပွားစေရေးအတွက်နေ့ကြီးရက်ကြီးများ အထိမ်းအမှတ်စာစီ
စာကုံး၊ပန်းချီ၊ပိုစတာ၊ကာတွန်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိ
သည်။ထို့ပြင် ဌာနဆိုင်ရာများကလည်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းမူးယစ်၊လူ
မှောင်ခို ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်ဖြင့် အခါအားလျော်စွာဟော
ပြောပွဲများ ပြုလုပ်ခဲ့ပါသည်။ နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီိတွင် တာချီလိတ်မြို့
အခြေခံပညာအထက်တန်းကျောင်းခန်းမ တွင် မြို့နယ်အခွန်ဦးစီးဌာနမကြီးမှူးပြီး
အခွန်ပညာပေး စာစီစာကုံးနှင့် ကာတွန်းပြိုင်ပွဲကျင်းပရေးအတွက် အကြိုပညာ
ပေးဟောပြောပွဲကျင်းပပြုလုပ်သည်။
ပြိုင်ပွဲအတွက် ကျောင်းသားကျောင်းသူများအထောက်အကူဖြစ်စေရန်
မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး
ဦးကြည်ဝင်းကအခွန်ဆိုင်ရာကိစ္စများကိုရှင်းလင်းဟော
ပြောပို့ချသည်။ယင်းနောက် ကာတွန်းပြိုင်ပွဲအတွက်ဆရာဒေါ်မိုးသန္တာလှက
လက်တွေ့သရုပ်ပြရေးဆွဲပို့ချခဲ့ကြောင်းသိရှိရသည်။
မောင်ဆွေငြိမ်း(တာချီလိတ်)
0 comments:
Post a Comment