တာချီလိတ်မြို့နယ်တွင် မြို့နယ်အဆင့်ဆရာဆရာမများစွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းဆွေးနွေးပွဲ(၂) သင်တန်းဖွင့်လှစ်ပို့ချ
တာချီလိတ်မြို့နယ် မြို့နယ်အဆင့်ဆရာဆရာမများစွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းဆွေးနွေးပွဲ(၂)အား အမကတာလော့တွင် (၂၇.၁၀.၁၂)ရက်နေ့တွင်စတင်ဖွင့်လှစ်ပြီး
(၃.၁၀.၁၂)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်းသိရှိရပါသည်။ အထက်ပါဆွေးနွေးပွဲအား မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ စုစုပေါင်း ၂၁၃ ဦးတက်ရောက်
သင်ကြားလျှက်ရပြီး သင်တန်းနည်းပြ (၁၈)ဦးမှ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော ဗဟိုအဆင့်သင်တန်းတွင် တက်ရောက်ပြီး ပြန်လည်ပို့ချခြင်းဖြစ်
ပါသည်။ သင်တန်းကြီးကြပ်ရေးအား တာချီလိတ်မြို့နယ် ပညာရေးစီမံကိန်းများ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက
ဦးဆောင်၍ ထက်လယ်ကျောင်းအုပ်ကြီးများ၊လက်ထောက်မြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်စုမှူးများက ဆောင်ရွက်လျှက်ရှိပါသည်။ ထို့ပြင် အချိန်ပြည့် သင်တန်းအောင်မြင်စွာပြီးမြောက်
ရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဆရာကြီးတစ်ဦးနှင့် ပညာရေးစီမံကိန်းနှင့်
လေ့ကျင့်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဆရာမကြီးဒေါ်လဲ့လဲ့ဝင်းတို့လည်း အထူးကြီးကြပ်ဆောင်ရွက်ကြကြောင်းသိရှိရပါသည်။ ယနေ့(၂၉.၁၀.၁၁)
ရက်နေ့ တွင် ခရိုင်ပညာရေးမှူးဒေါ်ပြုံးက သင်တန်းကျင်းပနေမှုအခြေအနေများအားလာရောက်ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ပါသည်။
ယခုကျင်းပလျှက်ရှိသောသင်တန်းသည် မူလတန်းဆင့် ကျောင်းသားကျောင်းသူများ သင်္ချာဆိုင်ရာသင်နည်းသစ်များ၊ထိရောက်အောင်မြင်သော သင်
ထောက်ကူများနှင့် နည်းစနစ်များကို လက်တွေ့ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဆရာဆရာမများအနေဖြင့် စီမံချက်ရေးဆွဲပြီး လုပ်ငန်း
အကောင်အထည်ဖေါ်သည့် အလေ့အထများလက်တွေ့ကျင့်သုံးတတ်စေရန်လည်း ပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ်အတွင်း
ပထမအကြိမ်အဖြစ် (၁၂)ရက် ပို့ချခဲ့ပြီး ယခုဒုတိယအကြိမ် (၇)ရက်ဆက်လက်ပို့ချခြင်းဖြစ်ကြောင်း ၊တတိယကြိမ်အဖြစ်လည်း ယခုစာသင်နှစ်အတွင်း
ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment