သင်္ဘောမှောက်ပြီး
လူသူကင်းတဲ့ကျွန်းတစ်ကျွန်းပေါ်သူဌေးကြီးရောက်သွားတယ်၊
တိတ်ဆိတ်လို့..
ငြိမ်သက်လို့
အားလုံး၊ အားလုံး စိမ်းစိုနေလို့
သူဌေးကြီးသဘောကျသွားတယ်၊
သိပ်ကောင်းတယ်တဲ့၊
ကျွန်းပေါ်မှာနှစ်တွေကြာကြာနေပြီး သူသေသွားတယ်၊
သူ့ပြုစုဆဲ“ဖောင်လုပ်နည်းတစ်ရာ”စာတမ်းတော့ပြီးမသွားဘူး။
(မင်းအေးငြိမ်းဈေ)
0 comments:
Post a Comment