တာလေငလျင်မှာ ပြိုကျပျက်စီးခဲ့တဲ့ မိုင်းကိုးကျေးရွာအုပ်စု မော့ဆက် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း
အားငလျင်ပြန်လည်ထူထောင်ရေး ကော်မတီမှ အသစ်ပြန်လည်တည်ဆောက်ပေးခဲ့ ရာဆောက်လုပ်ပြီးစီး
သွားလို့ ဒီနေ့ အောက်တိုဘာ ၁၇ ရက်၊နံနက် ၁၀နာရီခွဲက ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲမှာ မြို့နယ်စည်ပင်
သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်နိုင်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။အခမ်းအနားသို့တာချီလိတ်
နှစ်ခြင်းအသင်းတော် ဥက္ကဋ္ဌ၊အတွင်းရေးမှူး နှင့်ဖိတ်ကြားထားတဲ့ဌာနဆိုင်ရာများတက်ရောက်ခဲ့တယ်လို့
သိရပါတယ်။
မောင်ဆွေငြိမ်း





0 comments:
Post a Comment