Tuesday, 2 October 2012

အလင်းရောင်


ညအမှောင်တွင်
ဆီမီးရောင်ဖြင့်အလင်းဆောင်လည်း
လမင်းအလင်း ပိုမိုထွန်း၏
လမင်းအလင်း အမှောင်ခွင်းလည်း
အရုဏ်အကျင်း နေမင်းရောင်ခြည်
ထွန်းလင်းဆောင်လည်း
လူ့ဘောင်ဘ၀ မြင့်မားရာကား
နေမင်းထက်သာ
စာပေကသာ
လောကအလင်း
ဆောင်ကြဉ်းပေးမည့်
အလင်းရောင်တည်း
(မောင်ဆွေငြိမ်း)



0 comments:

Post a Comment