*** ရှက်ရွံ့ရောင်အပြုံးကြားမှာ
နှလုံးသားအဖြေလွှာကို
တွေ့မြင်ပေမယ့်
တွက်သိမြင် ကြမ္မာတွေးရ
ငေးဆရင် သွင်မတူကွဲ
မကြင်သူဘဲ ဖြစ်ခဲ့တယ်။
*** ဖက်ညွန့်ရောင် အပြုံးများနဲ့
နှလုံးသား စိမ်းနုချယ်လို့
ဟန်လုပ်ကာ ပြုမိပေမဲ့
သက်မိရင် သမုဒယနွယ်က
ပတ်မိလျှင် ချည်နှောင်တွယ်လည်း
ကြင်နာသူ မမြင်ကာဖုံး
အချစ်ပုန်းဘဲ ဖြစ်ခဲ့တယ်။
မှိုင်း(ဓာတု)

0 comments:
Post a Comment