စိတ်ကူးအလွမ်း
နွေဦးမေရေ စိတ်ကူးတွေထဲ
ထင်နေဆဲပေါ့ လွမ်းခြင်းကဗျာ
စပ်ဆိုပါရ ပေါ်လာခဏ
ဝေဒနာရစေ ဆွေးမိနေ။
မေ့ပါဘူးမေ တမ်းတေ၀၀ါး
မေ လေလားလို့ အပြေးလှမ်းကြည့်
ရင်တွင်းသိလာ စိတ်၏ရွာထဲ
အလွမ်းသဲတွင် မှန်းဆဲပင်။
အတိတ်ကမေ ဆံစရှည်တွေ
နွေလေရူးထဲ လှနေမြဲပေါ့
စိတ်ကူးသော့သော့ တွေးတော့ပေါ်လာ
ချစ်ပုံလွှာတွေ တမ်းတနေ။
မှိုင်း(ဓာတု)
(၂၁.၉.၂၀၁၂) တွင် ခံစားတင်ပြသည်။

0 comments:
Post a Comment