ဆန္ဒ
ဤရပ်မြေ၌
ဆိုက်ရောက်ထွန်းပေါက် သူတစ်ယောက်သည်
စွမ်းလောက်ကဗျာ ရတနာနှင့်
သွယ်ဖြာကာရန် နဘေမှန်နှင့်
ဖိုးတန်လင်္ကာ စပ်ဆိုပါ၏။
ဤမြေအကျိုး
သူသယ်ပိုးလျှက် ဖွံ့ဖြိုးတက်လှမ်း
မျိုးဆက်လူငယ် သိဥာဏ်ကြွယ်ဖို့
ဝင့်ထယ်အားမာန် ဇွဲစိတ်သန်နှင့်
လွင့်ပျံမော်ကွန်း တင်နိုင်လွန်း၏။
ဤလောက၀ယ်
စာပေမြင့်မှ လူမျိုးတင့်မည်
တွေးဖြင့်ရည်စူး ကြိုးစားဖူးပြီ
သူလျှင် ...... အောင်မြင်ခဲ့ပါသည်
စာပေသည်သာ ရတနာဟု
စိတ်မှာရည်စူး ကြိုးစားဖူးပြီ
သူလျှင် ....... ထွန်းတောက်ခဲ့လေသည်။
ဤရပ်မြေ၌
သူလိုယောက်ကျား စွမ်းပကားမျိုး
စွမ်းအားမြင့်မား သူ့စိတ်ထားမျိုး
လူငယ်ထုကြားမှာ .........
ပေါများပေါ်ပေါက် လင်းလက်တောက်ပ
ချိန်ရောက်ကြရင် ..........
ဤမြေဒေသ စာပေလှဖြင့်
ငွားငွားစွင့်စွင့် ပေါ်ထွန်းတင့်အံ့။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
(၁၁-၈-၂၀၁၁) တွင် ရွှေတြိဂံမဂဇင်းအတွက် ရည်စူး စပ်ဆိုခဲ့ပါသည်။၂၀၁၁ရွှေတြိဂံမဂဇင်းရွှေတြိဂံမဂဇင်း
တွင် ပါရှိပြီးဖြစ်ပါသည်။

0 comments:
Post a Comment